logo

Directorate of Industrial Supervision and Inspection

Myanmar
The Republic of the Union of Myanmar
Ministry of Industry

Department

ဘွိုင်လာစစ်ဆေးရေးဌာန


ဘွိုင်လာစစ်ဆေးရေးဌာနသည် ဘွိုင်လာ ဥပဒေ၊ ဘွိုင်လာဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ မြန်မာနိုင်ငံဘွိုင်လာစံချိန်စံညွှန်း၊ အပြည်ပြည် ဆိုင်ရာစံချိန်စံညွှန်းများ၊ စက်မှုဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ တစ်ပြည်လုံးရှိ စက်ရုံ အလုပ်ရုံများမှ ဘွိုင်လာများကို မှတ်ပုံတင်စစ်ဆေးခြင်း၊ နှစ်စဉ်စစ်ဆေးခြင်းများ ဆောင်ရွက်လျက် ရှိပါသည်။


ရည်ရွယ်ချက်

 

၁။ ဘွိုင်လာ မတော်တဆ ချို့ယွင်းမှုများကြောင့် အသက်နှင့် ပစ္စည်းများ ဆုံးရှုံးမှုများမှ ကာကွယ်ရန်။

၂။ ဘွိုင်လာများ သက်တမ်းကြာရှည်စွာနှင့် စွမ်းရည်ပြည့် အသုံးပြု နိုင်ရေးတို့အတွက် စနစ်တကျ ထိန်းသိမ်းကြပ်မတ်ပေးရန်။

 

လုပ်ငန်းတာဝန်များ

၁။  မှတ်ပုံမတင်ရသေးသော ဘွိုင်လာများကို မှတ်ပုံတင်ရန် စစ်ဆေးခြင်း။

၂။  အသုံးပြုနေသော ဘွိုင်လာများကို ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းစွာ အသုံးပြု နိုင်ရေးအတွက် တစ်နှစ်လျှင်တစ်ကြိမ် စစ်ဆေးပေးခြင်း။

၃။  ဘွိုင်လာတွင် ယိုယွင်းချက်များ၊ အားနည်းချက်များ တွေ့ရှိပါက ပြု ပြင်စေခြင်း။

၄။  ဘွိုင်လာအသုံးပြုနေစဉ် မတော်တဆယိုယွင်းမှု ဖြစ်ပွားပါက အရေးပေါ်စစ်ဆေးပေးခြင်း။

၅။  ပြည်ပနိုင်ငံများမှ ဘွိုင်လာအသစ်များ တင်သွင်းရန်ရှိပါက လိုအပ်သလို အကြံဉာဏ်ပေးခြင်း။

၆။  ဘွိုင်လာကိုင်တွယ်သူများ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း။

 

ဖွဲ့စည်းပုံ

ဘွိုင်လာစစ်ဆေးရေးဌာနကို နေပြည်တော်ရှိရုံးချုပ်နှင့်အောက်ပါပြည်နယ်/တိုင်းဒေသကြီး ရှိ ရုံးခွဲ (၁၁)ခုဖြင့် ဖွဲ့စည်းထားပါသည်-

၁။ ကချင်ပြည်နယ်ရုံး၊ မြစ်ကြီးနားမြို့

၂။ စစ်ကိုင်းတိုင်းဒေသကြီးရုံး၊ မုံရွာမြို့

၃။ ပဲခူးတိုင်းဒေသကြီးရုံး၊ ပဲခူးမြို့

၄။ မကွေးတိုင်းဒေသကြီးရုံး၊ မကွေးမြို့

၅။ မန္တလေးတိုင်းဒေသကြီးရုံး၊ မန္တလေးမြို့

၆။ ရန်ကုန်တိုင်းဒေသကြီးရုံး၊ ရန်ကုန်မြို့

၇။ ဧရာဝတီတိုင်းဒေသကြီးရုံး၊ ပုသိမ်မြို့

၈။ တနင်္သာရီတိုင်းဒေသကြီးရုံး၊ ထားဝယ်မြို့

၉။ ရှမ်းပြည်နယ်ရုံး၊ တောင်ကြီးမြို့

၁၀။ မွန်ပြည်နယ်ရုံး၊ မော်လမြိုင်မြို့

၁၁။ နေပြည်တော်ကောင်စီနယ်မြေရုံး၊ ဇမ္ဗူ သီရိမြို့နယ်၊ နေပြည်တော်