logo

Directorate of Industrial Supervision and Inspection

Myanmar
The Republic of the Union of Myanmar
Ministry of Industry

News

စက်မှုလုပ်ငန်းဥပဒေ(မူကြမ်း)ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

Posted Date : 04/08/2017 06:30:00
Posted By : DISI
State/Region : Nay Pyi Taw Headquarter

http://www.disionline.gov.mm/common/fileuploads/a8ca67de1e41e681a8d647a0be0f3cf4.jpg

            စက်မှုဝန်ကြီးဌာနမှ ရေးဆွဲလျက်ရှိသည့် စက်မှုလုပ်ငန်းဥပဒေ(မူကြမ်း)အားဆက်စပ်လျက်ရှိသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ညှိနှိုင်းအစည်းအဝေးအား (၂၈.၆.၀၁၇) ရက်နေ့၊(၁၃: ၀၀)နာရီတွင် ရုံးအမှတ်(၄၁)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြသန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်တင်ထူး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမိုးကျော်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်ဒေါ်အေးအေးဝင်းမှ မိမိတို့ ရေးဆွဲလျက်ရှိသည့် စက်မှုလုပ်ငန်းဥပဒေမူကြမ်းအားပြည့်စုံမှန်ကန်သည့် ဥပဒေတစ်ခုဖြစ်လာစေရန်နှင့် အခြားဝန်ကြီးဌာနများမှ ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် Overlapping နှင့် Conflict မဖြစ်စေရန် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပူးပေါင်းဆောင်ရွက်နိုင်မှုတို့အတွက် ညှိနှိုင်းဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ယခုအစည်းအဝေးသို့တက်ရောက်သူအနေဖြင့် စက်မှုလုပ်ငန်းဥပဒေ(မူကြမ်း) အပေါ် မိမိတို့နှင့် သက်ဆိုင် သည့် အပိုဒ်၊ အပိုဒ်ခွဲများအလိုက် အပြုသဘောဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြပါရန် ပြောကြားခဲ့ပြီးတက်ရောက်လာသည့် ဝန်ကြီးဌာနများမှ မိမိတို့နှင့်သက်ဆိုင်သည့် အပိုဒ်၊ အပိုဒ်ခွဲများအလိုက် ဆွေးနွေးခဲ့ကြကာအစည်းအဝေးအား (၁၅:၃၀) ချိန်တွင် ရပ်နားခဲ့ပါသည်။


         



a8ca67de1e41e681a8d647a0be0f3cf4.jpg
5c3b98ca8315dc4909cdbebd05c88bf9.jpg
7a6cdc3fed51ca9928939fe3efe9f7cc.jpg
15bac5330ccd3bb53f8c786cc7952ce0.jpg
682086e099388f4837d1e8c7f2daa000.jpg
db0a939a33ab50605c7892b1a8f05b3d.jpg
02ced04b3ccf84c7c43ba11d82d2344b.jpg
effea949fb48b3443fce9680b66a4d65.jpg