logo

Directorate of Industrial Supervision and Inspection

Myanmar
The Republic of the Union of Myanmar
Ministry of Industry

News

နေပြည်တော် MICC-IIတွင်ကျင်းပလျက်ရှိသည့် နိုင်ငံတကာနည်းပညာပြပွဲတွင်ဝင်ရောက်ပြသခြင်း

Posted Date : 25/08/2017 06:30:00
Posted By : DISI
State/Region : Nay Pyi Taw Headquarter

http://www.disionline.gov.mm/common/fileuploads/71ef97cd8484f5865caa64a624d107ea.jpg

အနာဂတ်တွင် မြန်မာနိုင်ငံ၏ စက်မှုနှင့် နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအား ရည်မျှော်၍ စက်မှုဝန်ကြီးဌာနနှင့် Myanmar Promotional Servies(MPS)Co.,Ltd. တို့ပူးပေါင်း၍ ဒုတိယအကြိမ် နိုင်ငံတကာနည်းပညာပြပွဲကြီးကို နေပြည်တော် MICC-II တွင် ၂၅.၈.၂၀၁၇ မှ စတင်၍ ကျင်းပလျက်ရှိပါသည်။ အဆိုပါနည်းပညာပြပွဲတွင် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ၊ လုပ်ငန်းများမှ ပြခန်းများလည်း ပါဝင်ပြသလျက်ရှိပါသည်။

           


စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ပြခန်းများအနေဖြင့် ပုဂ္ဂလိက စက်မှုလုပ်ငန်းကြီးကြပ် ရေးနှင့် စစ်ဆေးရေးဆိုင်ရာသိကောင်းစရာများ၊ ဘွိုင်လာစစ်ဆေးရေးနှင့် လျှပ်စစ်စစ်ဆေးရေးဆိုင်ရာ သိကောင်းစရာများနှင့် အသေးစားနှင့်အလတ်စားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သိကောင်းစရာများအား ခင်းကျင်း ပြသခြင်း၊ ပြည်နယ်တိုင်းဒေသအသီးသီးမှ SME ထွက်ကုန်များအား ခင်းကျင်းပြသ ရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ပြပွဲကာလမှည ၂၅.၈.၂၀၁၇ မှ ၂၇.၈.၂၀၁၇ အထိ (၃)ရက်ကျင်းပသွားမည်ဖြစ် ပါသည်။



71ef97cd8484f5865caa64a624d107ea.jpg
43fc8c0706506c5ab3d841f55f315a88.jpg
5e4b0afec8c2cdde6744f2cbcee8f4d7.jpg
c55d8cce71018886b335cfc201ec28dc.jpg
d61fd44c23e8d6abd1b628257f8c0052.jpg
1b7d1818289b24227e9ac29220aa011b.jpg
22d704df1eaed03d131077e5db2fe40c.jpg
1b020d53fd6b8b36465903129858fd29.jpg
937d76bbc8581741afb5205d51431bf8.jpg