logo

Directorate of Industrial Supervision and Inspection

Myanmar
The Republic of the Union of Myanmar
Ministry of Industry

News

“Moving Forward to Digital Economy with Innovation” ခေါင်းစဉ်ဖြင့် Saturday Talk ကျင်းပပြုလုပ်ခြင်း

Posted Date : 19/09/2017 06:30:00
Posted By : DISI
State/Region : Nay Pyi Taw Headquarter

http://www.disionline.gov.mm/common/fileuploads/26907a5b0e8193947fcfeda5b3089869.jpg

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့်အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ဂျာမနီနိုင်ငံ၊ GIZ အဖွဲ့အစည်းနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ ရှိ SME များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်အကျိုးရှိစေ မည့် Saturday SME Talk ဟောပြောဆွေးနွေးပွဲများကို ကျင်းပပေးလျက်ရှိရာ ဒဿမအကြိမ်မြောက် Saturday SME Talk ဟောပြောဆွေးနွေးပွဲကို (၁၆.၉.၂၀၁၇) ရက်နေ့၊ စနေနေ့တွင် အမှတ် (၅)၊ သလ္လာဝတီလမ်း၊ (၇) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ Centre of Excellence ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး SME လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ စိတ်ပါဝင်စားသူများ စုစုပေါင်း (၁၄၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။


       အဆိုပါဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းမှ “လုပ်ငန်းရှင်များ၏လိုအပ်ချက်များ၊ ခေတ်နှင့်အညီ သိရှိ ရမည့်အချက်အလက်များကို မျှဝေပေးရန်အတွက်သင့်လျော်မည့် ခေါင်းစဉ်များရွေးချယ်၍ ဆွေးနွေးပွဲများ ကျင်းပပေးခဲ့ပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်သာမက ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပါ Digital Economy ကို အရေးတကြီး ဆွေးနွေးအသုံးပြုလျက်ရှိပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှလည်း Digital Economy ကို ဖော်ဆောင်နိုင်မည့် environment ဖြစ်လာနိုင်ရန် လိုအပ်သည့် မူဝါဒများ ချမှတ် အထောက်အကူပေးနိုင်ရေး  ဆွေးနွေးလျက်ရှိပါကြောင်း၊ နိုင်ငံတကာတွင် ပြည်သူတို့၏ Digital အသုံးပြုနိုင်မှုအပေါ်မူတည်၍ Level 1, Level 2 စသည်ဖြင့် Level 4 ထိ သတ်မှတ်ထားပါကြောင်း၊ Level  မြင့် လာသည်နှင့်အမျှ Business လုပ်ငန်းများတွင် digital နည်းပညာအသုံးပြု၍ Product နှင့် Tools design ထုတ်လုပ်ခြင်း၊ Sales နှင့် Advertises များတွင် အသုံးချခြင်း၊ ထုတ်လုပ်မှု လုပ်ငန်းများဆိုင်ရာ Process Line Management Control စသဖြင့် ကျယ်ပြန့်စွာသုံးနိုင်ကြောင်း၊ Logistics နဲ့ Supply chains Management သည်လည်း digital economy ၏ အခြေခံဖြစ် ကြောင်း၊ digital economy  ကို ကျယ်ပြန့် စွာအသုံးပြုနိုင် ခြင်းဖြင့် ကုန်ကျစရိတ်နှင့် အချိန်များစွာ သက်သာ မည်ဖြစ်၍ ယှဉ်ပြိုင်နိုင်မှု စွမ်းအားမြင့်မားလာကြောင်း၊ SME လုပ်ငန်းရှင်များတွင်သာမက အစိုးရဌာနများတွင်လည်း အားနည်းချက်များကို ပြုပြင်ပြီး digital economy ကို ကျယ်ပြန့်စွာ အသုံးပြုနိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ Infrastructure နှင့် capacity များ ပြည့်ဝစေရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ Panel Discussion မှ ပညာရှင်များသည် Digital ပိုင်းဆိုင်ရာ အသိပညာ၊ ဗဟုသုတပြည့်ဝသူများဖြစ်၍ ဂရုပြု၍ နားထောင်ဆွေးနွေးစေလိုပါကြောင်း" အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

             ဆက်လက်၍ Panelist များအဖြစ် Dr.ထွန်းသူရသက် (တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်)၊ ဦးထွန်းထွန်းနိုင် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်သူများအသင်း)၊ ဒေါ်ခင်စန္ဒာဝင်း (Winner ,The First Falling Walls Lab Innovative Idea Competition) တို့မှ မှ ဆောင်ရွက်ကာ ပတ်ဝန်းကျင်နိုင်ငံများတွင် digital economy ၏ အရေးပါမှုများ၊ ပတ်ဝန်းကျင်နိုင်ငံ များနှင့်ယဉ်ပါက မြန်မာနိုင်ငံတွင် digital economy အသုံးပြုမှု ကွာဟနေမှုများ၊ ကမ္ဘာ့စီးပွားရေး တွင် digital economy ၏ ရာခိုင်နှုန်းရရှိမှု အခြေအနေများ၊ International Market သို့ ထိုးဖောက် ဝင်ရောက်ရန်အတွက် ယှဉ်ပြိုင်နိုင်စွမ်း၊ အခွင့်အလမ်းများဖန်တီးနိုင်မှုအခြေအနေများနှင့်င့် digital economy ၏ အရေးပါမှုများကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များ၏ မေးမြန်းမှုများကို အပြန်အလှန် ဆွေးနွေးပေးခဲ့ကြပြီး အခမ်းအနားကို ညနေ( ၃) နာရီတွင် ရပ်နားခဲ့ပါသည်။

          အခမ်းအနားပြီးနောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များမှ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ရှိ လုပ်ငန်းရှင်များမှ ခေတ်မီထုတ်ကုန်များနှင့် နည်းပညာများ ပြသသည့် ပြခန်းများသို့ လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြပါသည်။



26907a5b0e8193947fcfeda5b3089869.jpg
8f50a589d358adc5fc06fdf2f9eefdc6.jpg
df63c69cba2af480d23a98a2b509d63a.jpg
e10119c032aff0eeabbc37e9c9f1f570.jpg
57e1668eca4eefb57bb776a0f71c9124.jpg
f2265d09a73ab8b4b00c294367ee90c2.jpg
f88735677ece77af6ab188480731191a.jpg
e8e516596183166cddd1cc8415e7ebcf.jpg
9cf7c8a1364eac10052413d9708ed9de.jpg
42fd7e5fce578cd3c2fceda5218b41d3.jpg

© 2018 The Republic of the Union of Myanmar | Ministry of Industry
Directorate of Industrial Supervision and Inspection

Product of Technolsoft.
Distributed by IrraHub Co., Ltd.