logo

Directorate of Industrial Supervision and Inspection

Myanmar
The Republic of the Union of Myanmar
Ministry of Industry

News

KASIKORNBANK SME Competition 2018၊ Digital Marketing for Digital Entrepreneur အစီအစဉ်သို့ ပါဝင်တက်ရောက်နိုင်ရန် ဖိတ်ကြားခြင်းနှင့် သတင်းအချက်အလက်မျှဝေခြင်း

Posted Date : 15/06/2018 06:30:00
Posted By : DISI
State/Region : Nay Pyi Taw Headquarter

http://www.disionline.gov.mm/common/fileuploads/5895edaa97b89fae71903d17e7c0a17f.jpg

စက်မှုဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ KASIKORNBANK၊ UMFCCI ၊ Renaissance Institute နှင့် University of Thai Chamber of Commerce (UTCC)အဖွဲ့အစည်းများပူးပေါင်း၍ KASIKORNBANK SME Competition 2018၊ Digital Marketing for Digital Entrepreneur အစီအစဉ်အား Launching ပြုလုပ်သည့် အခမ်းအနားကို(၁၁.၆.၂၀၁၈)ရက်နေ့၊ နံနက် (၁၀:၀၀)တွင်KASIKORN BANK, Yangon Representation Office ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါ အခမ်းအနားသို့စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းတက်ရောက်ခဲ့ပြီးအဖွင့်အမှာစကားပြောကြားခဲ့ရာတွင် အောက်ပါအချက်များကိုထည့်သွင်းပြောကြားခဲ့ပါသည်-

  • မြန်မာနိုင်ငံတွင် Mobile သုံးစွဲမှုများလာသည့်အခွင့်အရေးပေါ် မူတည်၍ Digital နည်းပညာဖြင့် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ Marketing များတွင် အသုံးပြုခြင်းဖြင့် Digital Economy ဖြစ်လာမည်ဖြစ်ကြောင်း၊ Digital Economy ဖြစ်ပါက Information လျင်မြန်မှုနှင့်အတူ Productivity ဖြစ်ခြင်း၊ Traditional Service မှ Smart Service သို့ ကူးပြောင်းခြင်း၊ Transition Cost များလျော့ချနိုင်ရန် SME များ၏ Efficiency ကောင်းလာမည်ဖြစ်ကြောင်း ၎င်းအပြင် Awareness လုပ်၍ E- commerce ၏ တိုးတက်ပြောင်းလဲလာမှုကိုပြည်သူအားရှင်းလင်းခြင်းဖြင့် တပါတည်းတိုးတက်ပြောင်းလဲလာမည်ဖြစ်ကြောင်း၊
  • Digital နည်းပညာကိုအသုံးပြု၍ လူငယ်လူရွယ်များအလုပ်အကိုင်အသစ်များရရှိလာမည်ဖြစ်ပြီးအခြားလုပ်ငန်းများကိုပါ အထောက်အကူဖြစ်ကြောင်း၊ ကောင်းမွန်သောစီးပွားရေးဝန်းကျင်ကောင်းဖြစ်ရန် အစိုးရဘက်မှလည်းလိုအပ်သောမူဝါဒ၊ Infrastructure နှင့် Facilities များထောက်ပံ့ရန်လိုပြီး၊ Digital Platform ကိုအသုံးပြုမည့် Creator များ၊ Business Start-Up များ၊Innovator များပေါ်ထွက်ရန်လိုကြောင်း၊ Digital Economy ပြောင်းလဲမှုကာလတွင် ပြည်သူများအတူတကွလိုက်ပါလာကြရန်လိုကြောင်း၊ တိုးတက်လာသောငွေပေးချေမှုစနစ်၊ Taxi သုံးစွဲမှု၊ ရင်းနှီးမြှုပ်နှံမှုများတွင် ပြည်သူများပါဝင်လာရန်လိုပြီးတခါတရံပြည်သူကပြန်လည် Initiate လုပ်သည့် ကိစ္စများလည်းရှိကြောင်း၊ယခုလိုBusiness Start-Up များ၊ Innovator များ၊ Creator များကိုKBankနှင့်ပူးပေါင်း၍ Motivation ပြုလုပ်ခွင့်ရရှိသဖြင့် အထူးဝမ်းသာကြောင်း၊ KBankမှ ကောင်းမွန်သည့်အစီအစဉ်ဖြစ်သည့် Digital Service Marketing Strategy သင်တန်းပေးခြင်း၊ ပြိုင်ပွဲကျင်းပခြင်း၊ (US$ ၁၀၀၀၀)ချီးမြှင့်ခြင်း၊ ထိုင်းနိုင်ငံသို့ စေလွှတ်၍ အသိဉာဏ်ဖလှယ်ခြင်းစသည့် အခွင့်အရေးများကိုရရှိမည်ဖြစ်ကြောင်း၊

               ယင်းအခမ်းအနားတွင် ကြေညာခဲ့သောသတင်းအချက်အလက်များအရKASI- KORNBANK SME Competition2018၊ Digital Marketing for Digital Entrepreneurအစီအစဉ်ကိုအောက်ပါအတိုင်းကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်-

               စဉ်      အစီအစဉ်                                                         ကျင်းပမည့်                                                  နေရာ

               (က)     Digital Marketing Plan                             29th,June,2018                       Melia Hotel Training Yangon, Myanmar            

               (ခ)      Digital Marketing Plan                             20th,August,2018                   Melia Hotel Competition Yangon, Myanmar            

               (ဂ)      Business Trip to Thailand                     30~31th,August,2018           Bangkok, Thailand

               အဆိုပါ အစီအစဉ်တွင် ပါဝင်ပြုလုပ်မည့်  Digital Marketing  Plan  Training သင်တန်းသို့ စိတ်ပါဝင်စားသူများအနေဖြင့် သင်တန်းကြေးပေးသွင်းရန်မလိုဘဲတက်ရောက်နိုင် မည်ဖြစ်ပြီး The University of the Thai Chamber of Commerce (UTCC), ဖုန်း - ၀၉၇၃၀၉၇၄၄၇ နှင့် KASIKORNBANK Yangon Representative Office၊  ဖုန်း ၀၁-၅၂၄၂၈၅၊ ၀၁-၅၀၀၇၂၇၊ ၀၁-၅၁၄၈၆၈ တို့သို့ လျှောက်ထားနိုင်မည် ဖြစ်ပါသည်။                            

               Digital Marketing Plan Training သင်တန်းသို့   တက်ရောက်ပြီးစီးခဲ့သူများသည် KASIKORN Bank မှ ဆက်လက်ပြုလုပ်မည့်  Digital Marketing Plan Competition ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်ပါသည်။ အဆိုပါပြိုင်ပွဲတွင် ပထမဆုရရှိသူ၊ The First Award Winner of the Competition သည် ချီးမြှင့်ငွေအမေရိကန်ဒေါ်လာတစ်သောင်း (US$10,000)ရရှိမည်ဖြစ်ပါသည်။ ထို့အပြင်ပြိုင်ပွဲတွင်ထိပ်ဆုံး(၄)နေရာမှ အောင်မြင်သူများသည် ထိုင်းနိုင်ငံသို့ Business Trip သွားရောက်၍ Innovative SMEs များနှင့် တွေ့ဆုံအမြင်ဖလှယ်ခွင့်ရရှိမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မိမိတို့၏လုပ်ငန်းတွင် Digital Marketing နှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်လိုသော SME လုပ်ငန်းရှင်များနှင့် စိတ်ဝင်စားသောဒေသတွင်းမှ SME များအနေဖြင့် KASIKORNBANK SME Competition 2018 အစီအစဉ်၊ Digital Marketing Plan Training သင်တန်းသို့ တက်ရောက်၍ Competition သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်းသတင်းအချက်အလက်မျှဝေလိုက်ရပါသည်။



5895edaa97b89fae71903d17e7c0a17f.jpg
270a6fb47c66c310c10ada9bcd113f74.jpg
be0bca4c5e2c5afd976bedbb457f1320.jpg
7e2646d7d562e86e8ae535f3e4b68a4f.jpg
c72330184e22aee6735bde2212d18a86.jpg
e20b26ee1aba2672a4e1442af9da9cc7.jpg