မေး။ ဘွိုင်လာဆိုတာ ဘယ်လိုအရာလဲ။
ဖြေ။ ဘွိုင်လာဆိုသည်မှာ “ရေနွေးငွေ့စွမ်းအင်ကို ပြင်ပ၌ အသုံးပြုရန် အပူရှိန်ဖြင့် ရေနွေးငွေ့ထုတ်လုပ်ပေးသည့် အလုံပိတ်ဖိအားခံအိုးကို ဆိုသည်။ ယင်းဖိအားခံ အိုးတွင် တပ်ဆင်ထားသည့် ဖိအားခံအစိတ်အပိုင်းများလည်း ပါဝင်သည်။ သို့ရာ တွင် ၂၅လီတာ သို့မဟုတ် ၅.၅ ဂါလံအောက် လျော့နည်း၍ ဝင်ဆံ့သော ဖိအားခံအိုး များသည်လည်းကောင်း၊ တစ်စတုရန်းစင်တီမီတာပေါ်တွင် တစ်ကေဂျီအက်(ဖ်) သို့မဟုတ် တစ်စတုရန်းလက်မပေါ်တွင် ၁၄.၂ပေါင် ဖိအားအောက် လျော့နည်း သော ဖိအားခံအိုးများသည်လည်းကောင်း၊ ယင်းဖိအားခံအိုးတွင်တပ်ဆင်ထား သည့် ဖိအားခံအစိတ်အပိုင်းများသည်လည်းကောင်း အကျုံးမဝင်” ဟု ဘွိုင်လာ ဥပဒေမှာ ဖွင့်ဆိုထားပါတယ်။
မေး။ ဘွိုင်လာအမျိုးအစား ဘယ်နှစ်မျိုးခွဲခြားထားပါသလဲ။
ဖြေ။ ဘွိုင်လာအမျိုးအစား များကို အဓိကအားဖြင့် မီးကျွတ် (fire tube) ဘွိုင်လာနဲ့ ရေကျွတ်(water tube) ဘွိုင်လာဆိုပြီး အမျိုးအစားခွဲခြားနိုင်ပါတယ်။ ဘွိုင်လာရဲ့ ကျွတ်တွေထဲမှာ မီးဖြတ်သွားရင် မီးကျွတ်ဘွိုင်လာလို့ခေါ်ပြီး ကျွတ်ထဲမှာ ရေဖြတ် သွားရင် ရေကျွတ်ဘွိုင်လာလို့ ခေါ်ပါတယ်။
မေး။ ဘွိုင်လာကို မည်သည့်လုပ်ငန်းများတွင် မည်ကဲ့သို့ အသုံးပြုပါသလဲ။
ဖြေ။
မေး။ ဘွိုင်လာတွင် အသုံးပြုသော လောင်စာများကို ဖေါ်ပြပါ။
ဖြေ။ F.O, Diesel, Gas, Coal ကဲ့သို့သော ရုပ်ကြွင်းလောင်စာ(Fossil Fuel)များ၊ စပါးခွံ၊ မြေပဲခွံ၊ လွှစာမှုန့်၊ သစ်တိုသစ်စ၊ သီဟိုစေ့ခွံ၊ ဇီးကွဲခြမ်းစတဲ့ (Biomass Fuel) များ၊ Nuclear လောင်စာများနှင့် လျှပ်စစ်ဓါတ်အားတို့ကိုလောင်စာအဖြစ် အသုံးပြုကြပါတယ်။
မေး။ ဘွိုင်လာများအသုံးပြုရာတွင် မတော်တဆထိခိုက်မှု ဖြစ်ပေါ်တတ်ပါသလား။ ဘယ်လို အကြောင်းများကြောင့် ဖြစ်ပေါ်တတ်ပါသလဲ။
ဖြေ။ ဘွိုင်လာကိုမတော်တဆထိခိုက်မှုဖြစ်ပေါ်စေတတ်တဲ့ အကြောင်းရင်းတွေကတော့-
(က) ဘွိုင်လာရေနည်းခြင်း(ရေခမ်းခြင်း)။
(ခ) ခွင့်ပြုဖိအားထက်ပို၍ အသုံးပြုခြင်း။
(ဂ) ရွံ့နွံ၊ ရေချိုးများနှင့် ဆီပါသော ရေများသုံးစွဲခြင်း။
(ဃ) မီးညွှန့်၊ မီးစွယ်တိုက်ရိုက်မထိအောင် ကာရံထားသော အုတ်ရိုးမီးကာ အတားအဆီးများ ပျက်စီးနေသည်ကို မပြုပြင်ဘဲ ဆက်လက်သုံးစွဲခြင်း။
(င) ဘွိုင်လာအစိတ်အပိုင်းများ အင်အားယုတ်လျော့ခြင်းတို့ကြောင့် ဖြစ်ပွား တတ်ပါတယ်။
မေး။ ဘွိုင်လာမတော်တဆထိခိုက်မှုနှင့် ပေါက်ကွဲမှုဖြစ်ပေါ်ပါက ဘယ်လိုအန္တရာယ် ဖြစ်နိုင်ပါသလဲ။
ဖြေ။ လူ၏အသက်၊ အဆောက်အဦနှင့် ပစ္စည်းများ ဆုံးရှုံးမှု တွေ ဖြစ်နိုင်ပါတယ်။
မေး။ ဘွိုင်လာမတော်တဆမှုဖြစ်တာကို သိလျင်သိခြင်း ဘာတွေဆောင်ရွက်ရပါမလဲ။
ဖြေ။ ဘွိုင်လာမတော်တဆဖြစ်တာကို သိတာနဲ့ ပို၍ကြီးမားသော မတော်တဆ ဖြစ်မှု(သို့မဟုတ်) ပေါက်ကွဲမှုမဖြစ်ပေါ်စေရန်
(က) အဓိကအနေဖြင့် လောင်စာပိတ်ပြီး မီးလျှော့ချရပါတယ်။
(ခ) အသုံးပြုနေတဲ့ ရေနွေးငွေ့ထွက်ပေါက်တွေကို နေမြဲအတိုင်းဖွင့်ထားရ ပါမယ်။
(ဂ) ရေခမ်းမှုဖြစ်ပါက ရေသွင်းသင့်က ရေမောင်းသွင်းရပါတယ်။
(ဃ) သက်ဆိုင်ရာဘွိုင်လာရုံးသို့ (၄၈) နာရီအတွင်း အကြောင်းကြားရပါမယ်။
မေး။ ဘွိုင်လာမတော်တဆထိခိုက်မှု မဖြစ်ပွားအောင် ဘယ်လိုဆောင်ရွက်ရပါမလဲ။
ဖြေ။ (က) မှတ်ပုံမတင်ရသေးတဲ့ ဘွိုင်လာတွေကို မှတ်ပုံတင်ဖို့ စစ်ဆေးခံရပါမယ်။
(ခ) မှတ်ပုံတင်ပြီးဘွိုင်လာများကိုလည်း နှစ်စဉ်အစစ်ဆေးခံရပါမယ်။
(ဂ) ဘွိုင်လာစစ်ဆေးရေးဌာနက ဖွင့်လှစ်ပို့ချတဲ့ ဘွိုင်လာသင်တန်းများကို လည်း တက်ရောက်ဖို့ လိုအပ်ပါတယ်။
(ဃ) ပိုင်ရှင်၊ ဘွိုင်လာကိုင်တွယ်သူနှင့် ဘွိုင်လာပြုပြင်သူများ အနေနဲ့ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက်
ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရပါမယ်။
မေး။ ဘွိုင်လာစစ်ဆေးခ စည်းကြပ်ငွေနှုန်းထားကို ဘယ်လိုသတ်မှတ်ပါသလဲ။ ဘယ်လို ပေးသွင်းရပါသလဲ။
ဖြေ။ (က) ဘွိုင်လာစစ်ဆေးခနှုန်းများကို ဘွိုင်လာရဲ့ မီးရှိန်ရိုက်ဧရိယာ ခေါ် အရွယ် အစားပေါ် မူတည်၍ နှုန်းထားသတ်မှတ်ထားပါတယ်။
(ခ) ဘွိုင်လာမှတ်ပုံတင်စစ်ဆေးခမှာ အရွယ်အစားအလိုက် အနည်းဆုံး ကျပ် ငွေ (၃၀,၀၀၀)မှ အများဆုံးကျပ်ငွေ (၁၅၀,၀၀၀) ထိ ဖြစ်ပါတယ်။
(ဂ) နှစ်စဉ်ပုံမှန်စစ်ဆေးခမှာ အနည်းဆုံးကျပ်ငွေ (၂၀,၀၀၀)မှ အများဆုံး ကျပ်ငွေ (၁၅၀,၀၀၀) ထိ ဖြစ်ပါတယ်။
(ဃ) စစ်ဆေးခငွေကိုတော့ သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်မှာ စစ်ဆေးမှု မခံယူမီ ကြိုတင်ပေးသွင်းရပါမယ်။
မေး။ ဘွိုင်လာမှာ ဘယ်လို ရေအမျိုးအစား၊ အဆင့်အတန်းကို သုံးစွဲနိုင်ပါသလဲ။
ဖြေ။ ကန်ရေ၊ မြစ်ရေ၊ ချောင်းရေတို့ကို သုံးစွဲနိုင်ပြီး ဘွိုင်လာသွင်းရေသည် P.H (8~9.5 ) ရှိသင့်ပါတယ်။
မေး။ ဘွိုင်လာသုံးရေကောင်းမွန်စေရန် မည်သို့လုပ်ဆောင်ရပါသလဲ။
ဖြေ။
မေး။ ဘွိုင်လာကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းနိုင်ပါသလား။
ဖြေ။ သုံးစွဲတဲ့လောင်စာအမျိုးအစား၊ မီးဖို၊ မီးခိုးသွားလမ်းဆောက်တည်ပုံဒီဇိုင်းနဲ့ မီးထိုးသုံးစွဲတဲ့နည်းစနစ်တွေပေါ် မူတည်၍ လေထုညစ်ညမ်းမှုတော့ ဖြစ်နိုင်ပါ တယ်။ အဲဒီလိုမဖြစ်ပေါ်အောင် သုံးစွဲတဲ့လောင်စာအလိုက် မီးဖို၊ မီးခိုးသွားလမ်း တွေကို မှန်ကန်ကောင်းမွန်တဲ့စနစ်လုပ်ရမှာဖြစ်ပါတယ်။